Wednesday, January 11, 2017

ကမ္ဘာ့အကောင်းဆုံး အမှတ်တံဆိပ်စာရင်းထဲမှာ ပါဝင်လာတဲ့ OPPO

Share it Please
OPPO သည် အမေရိကန်နိုင်ငံ Las Vegas တွင်ကျင်းပနေသည့် ကမ္ဘာလုံးဆိုင်ရာ နည်းပညာပစ္စည်းများ ပါဝင်ပြသသော CES အခမ်းအနား၏ အမြင့်ဆုံး ဆုများဖြစ်သည့် ၂၀၁၆ခုနှစ်အတွက် ကမ္ဘာ့အကောင်းဆုံး စမတ်ဖုန်း အမှတ်တံဆိပ်နှင့် ကမ္ဘာ့အကောင်းဆုံးချိတ်ဆက်နိုင်သောထုတ်ကုန်အမှတ်တံဆိပ် ဆုများကို ရရှိခဲ့သည်။

အဆိုဆုကို ရွေးချယ်သည့် IDG  က ၂၀၁၆ ခုနှစ်အတွင်း နည်းပညာပိုင်းဆိုင်ရာတွင် ထိပ်တန်းမှဦးဆောင်နေသည့် စမတ်ဖုန်းအမှတ်တံဆိပ်များကို ရွေးချယ်ခြင်းဖြစ်သည်ဟု မှတ်ချက်ပြုပြောကြားထားသည်။

OPPO နည်းတူ အခြား တရုတ်နိုင်ငံထုတ် စမတ်ဖုန်းအမှတ်တံဆိပ်များဖြစ်သည့် Huawei, Lenovo, Xiaomi, ZTE နှင့် Coolpad
ဖုန်းများလည်း Samsung နှင့် Apple တို့နှင့်အတူ ကမ္ဘာ့အကောင်းဆုံး စမတ်ဖုန်းအမှတ်တံဆိပ်များအဖြစ် ရွေးချယ်ခံရသည်။
 

No comments:

Post a Comment