Thursday, January 26, 2017

Samsung Gear နာရီများကို iOS နှင့်တွဲဖက်အသုံးပြုနိုင်ပြီ

Share it Please
Samsung ရဲ့ နောက်ဆုံးပေါ် Gear မျိုးဆက်သစ်ထုတ်ကုန်တွေဖြစ်တဲ့ Gear S3၊ Gear S2 နဲ့ Gear Fit2 တို့ကို iOS နဲ့အတူ စတင်တွဲဖက်ချိတ်ဆက်အသုံးပြုနိုင်ပါပြီ။
 
ဇန်နဝါရီလ ၇ ရက်မှ စတင်ပြီး Gear S2 နှင့် Gear S3 အတွက် Samsung Gear S app အက်ပလီကေးရှင်း သို့မဟုတ် Gear Fit2 အတွက် Samsung Gear Fit app အက်ပလီကေးရှင်း ကို Apple App Store ကနေတစ်ဆင့် ဒေါင်းလုတ်ပြုလုပ်ပြီး iOS ထုတ်ကုန်တွေနဲ့ တွဲဖက်အသုံးပြုနိုင်ပြီဖြစ်ပါတယ်။ သက်ဆိုင်ရာ အက်ပလီကေးရှင်း တွေကို ဒေါင်းလုတ် ပြုလုပ်ပြီးတဲ့အခါ တွဲဖက်ချိတ်ဆက်အသုံးပြုနိုင်စေဖို့ တစ်ဆင့်ချင်းစီ ညွှန်ကြားပြသပေးသွားမှာ ဖြစ်ပါတယ်။
 
လုပ်ဆောင်ချက်တွေနဲ့ စွမ်းဆောင်ရည်တွေကတော့ ထုတ်ကုန်အလိုက်ပြောင်းလဲမှုတွေရှိပေမယ့် iOS သုံးစွဲသူတွေ အနေနဲ့ Samsung Gear S3 ရဲ့ စတိုင်ကျတဲ့ ဒီဇိုင်း၊ IP68 အဆင့်ရှိ ရေဒဏ်နှင့် ဖုန်ဒဏ်များခံနိုင်ရည်ရှိမှု တို့အပြင် GPS၊ Alti/barometer နဲ့ Speedometer အက်ပလီကေးရှင်းတွေကိုလည်း စိတ်တိုင်းကျအသုံးပြုနိုင်မှာ ဖြစ်ပါတယ်။ Gear S3 ကို အကြမ်းခံနိုင်တဲ့ ဒီဇိုင်းနဲ့အဖြစ် ဖန်တီးထားတဲ့ Gear S3 frontier နဲ့ တန်ဖိုးကြီးနာရီများတွင်တွေ့နိုင်သည့် လှပကျော့ရှင်းသော ဒီဇိုင်းထည့်သွင်းထားသော Gear S3 Classic ဆိုပြီး ဒီဇိုင်းနှစ်မျိုးရှိပါတယ်။ သုံးစွဲသူများအနေဖြင့် သွားလာလှုပ်ရှားမှု အကွာအဝေး နဲ့ လမ်းကြောင်းတွေ၊ ပြေးလွှားမှု၊ ကယ်လိုရီလောင်ကျွမ်းမှု နှင့် နှလုံးခုန်နှုန်းအား လေ့လာမှတ်သားနိုင်ခြင်း စတဲ့ စွမ်းဆောင်မှုတွေကိုလည်း အသုံးပြုနိုင်ပါသေးတယ်။
 
iOS နဲ့ တွဲဖက်ချိတ်ဆက်အသုံးပြုနိုင်တဲ့ Samsung ရဲ့ ထုတ်ကုန်တွေကို ဈေးကွက်ထဲမှာ ဝယ်ယူရရှိနိုင်ပါပြီ။ Gear ထုတ်ကုန်တွေရဲ့ ဝန်ဆောင်မှု နဲ့ လုပ်ဆောင်ချက်တွေက သက်ဆိုင်ရာ iOS ထုတ်ကုန်တွေရဲ့ အက်ပလီကေးရှင်းတွေအပေါ် မူတည်ပြီး ကန့်သတ်ချက်တွှေရှိပါတယ်။ ထုတ်ကုန်အကြောင်း အသေးစိတ်သိရှိလိုပါက www.samsungmobilepress.comတွင် သွားရောက် လေ့လာနိုင်ပါတယ်။

No comments:

Post a Comment