စင်္ကာပူအခြေစိုက် ပြိုင်ဘက်ကင်းထောက်ပံ့သူများကွန်ယက်တစ်ခုဖြစ်သည့် Asian Venture Philanthropy Network - AVPN (အာရှစွန့်ဦးစီးပွားပရဟိတ ကွန်ယက်) မှ ဦိးစီးကာ Myanmar Social Impact Forum 2017 ကို ၂၀၁၇ ဖေဖော်ဝါရီ ၂၈ ရက်၊ နံနက် ကိုးနာရီမှ ညနေ ငါးနာရီိအထိ ရန်ကုန်မြို့၊ Chatrium ဟိုတယ်တွင် ကျင်းပပြုလုပ်မည်ဖြစ်ကြောင်း အဆိုပါကွန်ယက်မှ ယနေ့ထုတ်ပြန်ကြေညာသည်။
တစ်ရက်တာကျင်းပမည့် အဆိုပါဆွေးနွေးပွဲဖိုရမ်တွင် YOMA Strategic Holdings ၊ Parami Energy နှင့် GIVO တို့မှ အဓိကဟောပြောဆွေးနွေးသူများအဖြစ် ပါဝင်မည်ဖြစ်သည့်အပြင် မြန်မာနိုင်ငံနှင့် အာရှပစိဖိတ် ဒေသတို့မှများပြားလှသော အလွှာစုံစီးပွားရေးလုပ်ငန်းနယ်ပယ်အသီးသီးမှ ခေါင်းဆောင်များ၊ ကျွမ်းကျင် ပညာရှင်များ၏ ဆွေးနွေးပွဲများလည်းပါဝင်မည်ဖြစ်သည်။ ယခုဆွေးနွေးပွဲဖိုရမ်သည် မြန်မာနိုင်ငံရှိ အပြန်အလှန်အကျိုးပြုရင်းနှီးမြှုပ်နှံမှုများ၊ ပရဟိတလုပ်ငန်းများနှင့် လူမှုစီးပွားရေးလုပ်ငန်းများနှင့် ပက်သက် သည့်ကိစ္စရပ်များအား ဆွေးနွေးခြင်း၊ အတွေးအမြင်ဖလှယ်ခြင်းများပြုလုပ်နိုင်မည့် တန်ဖိုးရှိသောရပ်ဝန်းတစ်ခု ဖြစ်လာနိုင်သည်။
ဆွေးနွေးပွဲတွင် မြန်မာ့လူမှုရင်းနှီးမြှုပ်နှံမှု၏ မီးမောင်းထိုးပြစရာ ဒေသတွင်းအောင်မြင်မှုများ ၊ မြန်မာနိုင်ငံအတွင်း ကောင်းမွန်သော လူမှုအပြောင်းအလဲများဖန်တီးမှုအပေါ် အလားအလာကောင်းများ၊ မြန်မာ့ အစပျိုး စွမ်းအင်လုပ်ငန်းများ၏ လူမှုရင်းနှီးမြှုပ်နှံခြင်းနှင့် ငွေကြေးအထောက်အပံ၊ အပြန်အလှန်အကျိုးပြု ရင်းနှီးမြှုပ်နှံမှုနှင့် ပရဟိတလုပ်ငန်းများရှာဖွေခြင်း စသည့်အကြောင်းအရာများ အဓိကပါဝင်မည်ဖြစ်သည်။
AVPN သည် မြန်မာနိုင်ငံသို့ ပထမဆုံးချိတ်ဆက်မှုတစ်ခုအဖြစ် AVPN အာရှမူဝါဒရေးရာစကားလက်ဆုံ အစီအစဉ်၏ အစိတ်အပိုင်းအဖြစ် လူမှုရင်းနှီးမြှုပ်နှံမှုအဓိပ္ပာယ်သတ်မှတ်ခြင်းဆိုင်ရာ ဆွေးနွေးပွဲတစ်ခုကို ၂၀၁၆ ခုနှစ် နိုဝင်ဘာလအတွင်း ကျင်းပပြုလုပ်ခဲ့သည်။ အဆိုပါအလုပ်ရုံဆွေးနွေးပွဲ၏ ရည်မှန်းချက်မှာ မြန်မာနိုင်ငံတွင် လူမှုရင်းနှီးမြှုပ်နှံမှု၊ တနည်းအားဖြင့် လူမှုစွန့်ဦးတီထွင်ခြင်းနှင့်ပက်သက်၍ တစည်းတလုံး တည်း သဘောပေါက်နားလည်မှု တိုးတက်မြင့်မားစေရန် ဖြစ်သည်။ အဆိုပါဆွေးနွေးပွဲသို့ မြန်မာနိုင်ငံနှင့် ဒေသတွင်းရှိ လူမှုရင်းနှီးမြှုပ်နှံမှုရပ်ဝန်းများမှ မတူကွဲပြားသောကိုယ်စားလှယ် ၂၅ ဦးတက်ရောက်ခဲ့ကြသည်။
No comments:
Post a Comment