Tuesday, February 28, 2017

KBZ Gateway မှ VSAT နည်းပညာဖြင့် နိုင်ငံတစ်ဝှမ်းမှ ဘဏ်ခွဲများဖြင့် ချိတ်ဆက်

Share it Please




ကမ္ဘောဇအုပ်စုကုမ္ပဏီများမှ အဖွဲ့ဝင်ဖြစ်သော KBZ Gateway ကုမ္ပဏီလီမိတက်သည် ကမ္ဘောဇဘဏ်ခွဲများ၏ လုပ်ငန်းလည်ပတ်မှုနှင့် စွမ်းဆောင်ရည်တို့ကို မြင့်တင်ပေးရန်အတွက် ၎င်း၏ Very Small Aperture Terminal (VSAT) ဂြိုဟ်တုနည်းပညာသုံး ကွန်ရက်ဆက်သွယ်ရေးစနစ်နှင့် အိုင်စီတီဝန်ဆောင်မှုများကို နိုင်ငံတစ်ဝှမ်းရှိ ကမ္ဘောဇဘဏ်ခွဲပေါင်း ၂၀၀ ကျော်တွင် ချိတ်ဆက်လိုက် ခြင်းကြောင့် ပိုမိုမြန်ဆန်သည့် ဝန်ဆောင်မှုကို ဆောင်ရွက်ပေးနိုင်တော့မည် ဖြစ်ကြောင်း သိရသည်။ 

KBZ Gateway ၏ ကြိုးပမ်းဆောင်ရွက်မှုများဖြင့် ကမ္ဘောဇဘဏ်ခွဲများ၏ ချိတ်ဆက်မှုကွန်ယက်စနစ် သည် ထိရောက်သောကုန်ကျစရိတ်ဖြင့် လုပ်ငန်းလည်ပတ်မှုကို ပိုမိုကောင်းမွန်လာစေမည်ဖြစ်သည်။ ၉၉.၉၇% ပြတ်တောက်ခြင်းမရှိ စိတ်ချရသော အဆင့်မြင့်ကွန်ရက်ချိတ်ဆက်မှုတို့အပါအ၀င် ဗဟိုအချက်အလက် သိမ်းဆည်းရာ ဌာနသို့ ချိတ်ဆက်ရန် ပင်မနှင့် အရန်ချိတ်ဆက်မှုလမ်းကြောင်းများပါရှိသောကြောင့် ကွန်ရက် တည်ငြိမ်မှု၊ အရည်အသွေးပြည့် ၀န်ဆောင်မှုပေးအပ်နိုင်မှု၊ လုပ်ငန်းလည်ပတ်မှုဆိုင်ရာ ဆုံးဖြတ် ချက်များ ပိုမိုကောင်းမွန်မှုစသည့် အကျိုးကျေးဇူးများရရှိမည်ဖြစ်သည်။ VSAT ချိတ်ဆက်မှုကို ဝေးလံခေါင်သီသော အရပ်ဒေသများတွင်ပင်လျင် မြန်ဆန်စွာ ကွန်ရက်ချိတ်ဆက်ပေးနိုင်ခြင်း၊ ကွန်ယက်ဝန်ဆောင်မှုကို စနစ်တကျ စီမံနိုင်ခြင်း စသည့်အချက်များကြောင့် ဘဏ်ခွဲများ၏ လုပ်ဆောင်ချက်များကို ပွင့်လင်းမြင်သာမှုရှိစွာဖြင့် ရုံးချုပ်များမှ စောင့်ကြည့်စီမံခန့်ခွဲနိုင်ခြင်း  အစရှိသည့်အကျိုးကျေးဇူးများကို ခံစားနိုင်မည်ဖြစ်ပါသည်။  

နိုင်ငံတစ်ဝှမ်းမှ စီးပွားရေးလုပ်ငန်းများနှင့် သုံးစွဲသူများအား သတင်းအချက်အလက်ဝန်ဆောင်မှုများ ထောက်ပံ့ ပေးနိုင်ရန် KBZ Gateway မှ ခေတ်မီဆန်းသစ်သော ဂြိုလ်တုဆက်သွယ်ရေးမြေပြင်အခြေစိုက်စခန်းကို ပဲခူးတွင်တည်ဆောက်ခဲ့ပြီး ဖြစ်သည်။ 

ဝန်ဆောင်မှုဆိုင်ရာသဘောတူညီမှုစာချုပ်နှင့်အညီ ပြည်တွင်း ပြည်ပရှိ မိတ်ဖက်အဖွဲ့အစည်းများနှင့် သုံးစွဲသူများအတွက် လုံခြုံစိတ်ချရသော ဆက်သွယ်ရေးစနစ်ကို ကုမ္ပဏီမှ ၀န်ဆောင်မှုပေးသွားမည် ဖြစ်ပါသည်။ 

 KBZ Gateway၏ ၀န်ဆောင်မှုများအကြောင်းပိုမိုသိရှိလိုပါက www.kbzgateway.com တွင် ၀င်ရောက်ကြည့်ရှု ၍ဖြစ်စေ၊ channel ပါတနာအသီးသီးအား ဆက်သွယ်မေးမြန်း၍ဖြစ်စေ သိရှိနိုင်ပါသည်။

No comments:

Post a Comment