Tuesday, February 28, 2017

Coca-Cola မြန်မာနှင့် ILO မှ လက်လီဖြန့်ချီသူများအတွက် ကျွမ်းကျင်မှုသင်တန်းများ ပို့ချမည်

Share it Please


Coca-Cola မြန်မာသည် နိုင်ငံတကာ အလုပ်သမား အဖွဲ့အစည်း (ILO) နှင့် ပူးပေါင်း ကာ လက်လီစီးပွားရေး ကျွမ်းကျင်မှုသင်တန်း ပို့ချရေး ပရောဂျက် တစ်ခု စမ်းသပ်ပြုလုပ်ခဲ့ရာမှ အောင်မြင်မှုများရရှိခဲ့သည့် အတွက် ၂၀၁၇ ခုနှစ်တွင်လည်း အဆိုပါ Coca-Cola လက်လီ စီးပွားရေးကျွမ်းကျင်သင်တန်းများ ကို လက်လီရောင်းချသူများနှင့် အရောင်းဆိုင်ပိုင်ရှင်များ အတွက် တိုးချဲ့ပို့ချသွားမည်ဖြစ်ပါသည်။ 

 အဆိုပါသင်တန်းတွင် အရောင်းမြှင့်တင်ရေး၊ အခြေခံစာရင်းအင်းပညာနှင့် ကုန်လှောင်ပစ္စည်း ထိန်းချုပ်မှု အစရှိသော အသေးစားစီးပွားရေးလုပ်ငန်းတစ်ခု ဦးစီးရေးအတွက် မရှိမဖြစ်လိုအပ်သည့် ကျွမ်းကျင်မှုများကို သင်ကြားပေးသွားမည်ဖြစ်ပါသည်။ လက်လီအရောင်းဆိုင်ပိုင်ရှင်များအနေဖြင့် မိမိတို့အရောင်းဆိုင်၏ လုပ်ငန်းလည်ပတ်မှုကို ပိုမိုထိရောက်စွာ စီမံခန့်ခွဲပြီး အရောင်းအားနှင့် ၀င်ငွေပိုမိုတိုးပွားလာစေရန် ရည်ရွယ်ဆောင်ရွက်ပေးခြင်းဖြစ်ပါသည်။

 ယခုဆိုလျှင် ရန်ကုန်မြို့မှ လက်လီရောင်းချသူပေါင်း အယောက် ၈၀ ကို ကျွမ်းကျင်သင်တန်းဆရာ ၁၂ ဦးဖြင့် သင်တန်းပို့ချပေးပြီးဖြစ်ကာ ၂၀၁၇ ခုနှစ်တွင်လည်း ရန်ကုန်မြို့နှင့် မန္တလေးမှ လက်လီရောင်းချသူများနှင့် အရောင်းစတိုးဆိုင်ပေါင်းများစွာအတွက် အဆိုပါသင်တန်းများကို စီစဉ်ဆောင်ရွက်သွားမည်ဖြစ်ပါသည်။ သင်တန်းအစီအစဉ် တိုးချဲ့လုပ်ဆောင်သွားမည့်အလျောက် လာမည့်နှစ်များတွင် မြန်မာနိုင်ငံတစ်ဝှမ်းမှ လက်လီရောင်းချသူများ ပိုမိုပူးပေါင်းပါဝင်လာနိုင်မည် ဖြစ်ပါသည်။ 

 အဆိုပါသင်တန်းသည် ILO Entrepreneurship နှင့် အသေးစားအလက်စားလုပ်ငန်း ကူညီထောက်ပံ့ရေး အဖွဲ့နှင့်ပူပေါင်းကာ အသေးစား နှင့် အလတ်စား စီးပွားရေးလုပ်ငန်း လုပ်ကိုင်သူများအတွက် ပိုမိုထိရောက် ကောင်းမွန်သော Start & Improve Your Business (SIYB) သင်ရိုးညွန်းတမ်းကို အခြေခံထားသော သင်တန်းဖြစ်ပါသည်။ အဆိုပါ SIYB သင်ရိုးညွန်းတမ်းကို နိုင်ငံပေါင်း ၁၀၀ ကျော်တွင် အကောင်အထည် ဖော်ဆောင်ရွက်နေပြီး မြန်မာနိုင်ငံအတွက်လည်း Coca-Cola လက်လီစီးပွားရေးကျွမ်းကျင်မှုသင်တန်း အမည်ဖြင့် စတင်ဆောင်ရွက်ခြင်းဖြစ်ပါသည်။

 ယခုအစီအစဉ်ကို စက်မှုဝန်ကြီးဌာန၊ အသေးစားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး ဌာနမှလည်း ကူညီထောက်ပံ့ပေးထားပါသည်။ မြန်မာနိုင်ငံအစိုးရ ခန့်မှန်းထားမှုများအရ နိုင်ငံ့ စီးပွားရေး၏ ၉၀ ရာခိုင်နှုန်းသည် အသေးစားနှင့်အလတ်စားစီးပွားရေးလုပ်ငန်းများဖြစ်ပြီး စီးပွားရေးအလျင်အမြန်တိုးတက်လာ သည်နှင့်အမျှ အဆိုပါလုပ်ငန်းများအား တဖြည်းဖြည်းတိုးတက်ကောင်းမွန်အောင်ဆောက်ရွက်ဖို့ အတွက် လိုအပ်ပါသည်။

 အဆိုပါသင်တန်းတွင် ဘာသာရပ် ၅ ခုရှိပြီး ဘာသာရပ်တစ်ခုစီလျှင် သင်တန်းပို့ချချိန် ၂ နာရီခန့်ကြာမြင့် မည်ဖြစ်ရာ သင်တန်းသား ၁၅ ယောက်မှ အယောက် ၂၀ အထိ ပါဝင်သင်ယူနိုင်ပြီးသင်တန်းတွင် မိမိတို့၏အတွေ့အကြုံများ ကိုလည်း ဝေမျှနိုင်မည်လည်းဖြစ်ပါသည်။ သင်တန်းပြီးဆုံးရန် အတွက် သင်တန်းသား တစ်ယောက်လျှင် စုစုပေါင်း သင်တန်းကာလ အချိန် ၁၀ နာရီ ခန့် ကြာမြင့် မည်ဖြစ်ပြီး  သင်ရိုးညွှန်တမ်းတွင် ဘာသာရပ်များထပ်တိုးရန် အတွက်လည်းဆောင်ရွက်လျက် ရှိနေပါသည်။

No comments:

Post a Comment