Thursday, February 2, 2017

MPT Branded ဆိုင်များကို စနေ တနင်္ဂနွေ ရုံးပိတ်ရက်များတွင်ပါ ဖွင့်လှစ်မည်

Share it Please
MPT အမှတ်တံဆိပ်အရောင်းဆိုင်ပေါင်း (၁၃၀) ကျော်ကို အများပြည်သူ ရုံးပိတ်ရက်များဖြစ်သော စနေနေ့နှင့် တနင်္ဂနွေနေ့များတွင်ပါ ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း MPT မှ သတင်းထုတ်ပြန်ကြေညာလိုက်သည်။ သို့ဖြစ်ရာ သုံးစွဲသူ မိဘပြည်သူများအနေဖြင့် ဆင်းမ်ကတ်မှတ်ပုံတင်ခြင်း ဆိုင်ရာလုပ်ငန်းများကို  ရုံးပိတ်ရက်များတွင်ပါပိုမို လွယ်ကူစွာ ဆောင်ရွက်နိုင်ပြီဖြစ်သည်။



ယခုလာမည့် ဖေဖော်ဝါရီလ (၄) ရက်နေ့မှ စတင်ကာ မြန်မာတစ်ဝှမ်းလုံး၌ရှိသော MPT အမှတ်တံဆိပ် အရောင်းဆိုင်များကို ရုံးပိတ်ရက်များတွင်ပါ ဖွင့်လှစ်သွားမည်ဖြစ်ပြီး ပြည်သူများအနေဖြင့် ဆင်းမ်ကတ် မှတ်ပုံတင်ခြင်းအပါအဝင် MPT အရောင်းဆိုင်များ၏ အခြားသောဝန်ဆောင်မှုများကို ရယူနိုင်မည်ဖြစ်သည်။ ယခုလိုဖွင့်လှစ်ပေးခြင်းမှာ MPT အမှတ်တံဆိပ်အရောင်းဆိုင်များသို့ ရုံးချိန်အတွင်း မလာရောက် နိုင်သူများနှင့် ရုံးဖွင့်ရက်များတွင် အလုပ်များသူများအတွက် သတင်းကောင်းတစ်ရပ်လည်း ဖြစ်ပါသည်။

ဆင်းမ်ကတ်မှတ်ပုံတင်ခြင်းဆောင်ရွက်နိုင်မည့် MPT အမှတ်တံဆိပ်အရောင်းဆိုင်များစာရင်းအပြည့်အစုံကို MPT ၏ ၀က်ဘ်ဆိုက် www.mpt.com.mm တွင်ဖြစ်စေ၊http://mpt.com.mm/wp-content/uploads/2017/02/MPT-Shop-List-1.pdf  တို့တွင်ဖြစ်စေ တိုက်ရိုက်ဝင်ရောက်ကြည့်ရှု့နိုင်ပါသည်။

No comments:

Post a Comment